Monday, October 20, 2014

အားလုံးစာမယ်



ဒီနေ့ကြော်ဖြစ်တဲ့ကြာဇံကြော်လေးပါ  ကြက်အူချောင်းလေးနဲ့မို့ အရသာတမူထူးပါတယ် ထမင်းမစား ချင်တဲ့နေ့တွေမှာ ကြာဇံလေးကြော်စားရတာလဲ တစ်မျိုးကောင်းပါတယ် မာမာတော့ ကြော်ပြီးတာနဲ့ ဆွမ်းတော်ကပ်ဖို့အရင်ဖယ်လိုက်ပါတယ် ဆွမ်းတော်ကပ်ပြီးတာနဲ့ အိုးထဲမှာအပူရှိန်ကျန်နေသေးတဲ့ ကြာဇံကြော်ကို ထမင်းလွတ်စားလိုက်ပါတယ်။

စားလို့ကောင်းလွန်းလို့ မိတ်ဆွေတို့လဲကြော်စားကြည့်စေချင်ပါတယ်နော် ကြော်ရတာ လွယ်လဲလွယ် မြန်လဲမြန်ပြီးစားလို့လဲကောင်းပါတယ်။

ကြော်ရန်အတွက်

  • ညထဲကရေမြုပ်အောင်စိမ်ထားသောဆန်ကြာဇံ - 150g
  • ထက်ပိုင်းလှီးထားသောရွှေပဲသီး - ၅တောင့်
  • ခပ်ထူထူလှီးထားသောဂေါ်ဖီ - နှစ်သက်သလောက်
  • လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  • တရုတ်နံနံ - အနည်းငယ်
  • ခပ်စောင်းစောင်းလှီးထားသော ကြက်အူချောင်း -၃ချောင်း
  • ငံပြာရည်အကြည် ထမင်းစားဇွန်း - ၂ဇွန်း
  • ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  • ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြား -  ထမင်းစားဇွန်း တစ်ဇွန်းမရှိတရှိ
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်
ပြင်ဆင်ရန်
  • ရေစိမ်ထားသောကြာဇံကိုရေစစ်ပြီး ငံပြာရည် ပဲငံပြာရည် သကြားတို့နဲ့ရောပြီးနယ်ထားပေးပါ
  • ဆီကိုအပူပေးပြီးကြက်အူချောင်းကို အရင်ဆုံးတမိနစ်လောက်ကြော်ပေးပါ 
  • ကြက်အူချောင်းကို ဘေးကိုတွန်းထားပြီး ကြက်သွန်ဖြူထဲ့ကြော်ပါ
  • မွှေးလာပါက မုံလာဥနီ ဂေါ်ဖီတို့ကို အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ နဲနဲနွမ်းအောင်မွှေပေးပါ
  • ကြာဇံထဲ့ပြီးရောကြော်၍ ကြာဇံပျော့လာပြီဆိုတာနဲ့ တရုတ်နံနံနှင့်ရွှေပဲသီးတို့ရောမွှေကာ အရသာမြည်းပေးပါ အရသာအနေတော်လဲဆိုရင် ကြာဇံကြော်လေးရပါပြီ။

Saturday, 13 July 2013

ကြက်အသဲအမြစ် ခေါက်ဆွဲကြော်

ကြက်အသဲအမြစ်ခေါက်ဆွဲကြော်


ကြက်အသဲအမြစ်နဲ့ခေါက်ဆွဲလေးကြော်ဖြစ်ပါတယ် စားလို့အရမ်းကောင်းတဲ့ခေါက်ဆွဲကြော်လေးပါ ခေါက်ဆွဲကြော်ခြည်း   သက်သက်စားလို့ရသလို ထမင်းပူပူလေးနဲ့လဲစားလို့ကောင်းပါတယ် အိမ်ကြော်လေးပေမဲ့ဆိုင်ကြော်တွေထက်ပိုပြီးကောင်းပါ   တယ် အသဲအမြစ်ကိုကျက်အောင်အရင်ဆုံးဂျင်းပြားလေးနဲ့နူးအောင်ပြုပ်ပြီးမှ ပြန်ကြော်တာမို့ အညှီနံ့ပျောက်သွားပါတယ်ဲပြင်ရဆင်ရတာနဲနဲကြာပေမဲ့ကြော်ရတာတော့မြန်ပါတယ် ဒီနေ့ပိတ်ရက်လေးမှာ အားတဲ့အချိန်လေးကြော်စားကြည့်ပါနော်။
ပါဝင်ရမှာလေးတွေက
  • ပြုပ်ပြီးသားခေါက်ဆွဲဖတ် - ၅ဆယ်သား
  • ပြုပ်ပြီးသားကြက်အသဲအမြစ် - နှစ်ဆယ်သား
  • ရှစ်စိတ် စိတ်ထားသောကြက်သွန်နီအနေတော် - တစ်ဥ
  • ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - လေးမွှာ
  • အနေတော်လှီးထားသောမှို - ငါးဖူး
  • အနေတော်လှီးထားသောပန်းဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  • ခပ်ကြမ်းကြမ်းလှီးထားသောဂေါ်ဖီ - ဟင်းပြင်ပန်းကန် တစ်လုံး
  • ပဲပင်ပေါက် - ဟင်းပြင်ပန်းကန် တစ်လုံး
  • မုံလာဥနီ - တစ်ဥ
  • ရွှေပဲသီး - ငါးတောင့်
  • တရုတ်နံနံပင် - နှစ်ပင်
  • ခေါက်ပြီးကြော်ထားသောကြက်ဥ - နှစ်လုံး
ခေါက်ဆွဲအရသာနယ်ပါမယ်
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • ပဲငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း (မကြော်ခင်အားလုံးရောနယ်ထားပါ)
ကြက်အသဲအမြစ်ပြုပ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ
  • ဂျင်း - ခပ်ပါးပါး သုံးပြား (အားလုံးရောနယ်ပြီး ရေမြုပ်အောင်ထဲ့ပြီးပြုပ်ပါ နှစ်ရည်ခမ်းရင်ခပ်ပါးပါးလေးများလှီးပေးပါ)
ကြော်ပါမယ်
  • ဆီ လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်လောက်ကို မီးပြင်းပြင်းနဲ့အပူပေးပါ 
  • ဆီပူလာပါက ကြက်သွန်ဖြူကိုအရင်ဆုံးမွှေးသွာတဲ့တိကြော်လိုက်ပါ
  • ကြက်သွန်နီနှင့်နှင့်အတူအသီးအရွက်များကိုဆားလက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန်းလက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံလောက်ထဲ့ပြီးကြော်လိုက်ပါ
  • တစ်မိနစ်လောက်ကြော်ပီးတာနဲ့ပြုပြီးပါးပါးလှီးထားသောကြက်အသဲအမြစ်တို့ကိုမိနစ်ဝက်လောက်ထဲ့ကြော်ပါ
  • ပြီးလျှငိခေါက်ဆွဲများထဲ့ပြီးမိနစ်ဝက်လောက်ေကြော်လိုက်ပါ
  • နောက်ဆုံးမှရွှေပဲသီးနှင့်တရုတ်နံနံတို့ထဲ့မွှေပေးပြီး မီးပိတ်ပေးပါ
  • ကြော်ထားသောကြက်ဥကြော်ကိုခပ်ပါးပါး လှီးပြီးထဲ့ပေးပြီးရင်ခေါက်ဆွဲကြော်လေးရပါပြီ

အချဉ်တည်ပါမယ်

  • ရှည်ရှည်အတုံးလေးများလှီးထားသောသခွားသီး - တစ်ပိုင်း
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော်တစ်ဥ
  • ပါးပါးလှီးထားသောငရုတ်သီးစိမ်း - လေးတောင့်
  • ငရုတ်ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း(အားလုံးကိုရောနယ်ပေးပါ)

Wednesday, 22 May 2013

ကြက်သားလုံး ဆန်ပြားကြော်

ကြက်သားလုံးဆန်ပြားကြော်
မာမာဒီနေ့တော့ ဆန်ပြားလေးကြော်ပါတယ် ဒီနေ့တော့ ဟင်းတစ်မယ်ထဲနဲ့အသားအရသာ အသီးအရွက်အရသာတွေပါရအောင်လို့ ကြက်သားလုံးဆန်ပြား ကြော်လေးကြော်ထားပါတယ်။

ကြက်သားလုံးဆန်ပြားလေးကြော်ရအောင်ပြင်ပါမယ်

  1. လှီးထားသောသီးရွက်စုံ  ဟင်းပြင်ပန်းကန် တစ်လုံးစုံ
  2. နုတ်နုတ်စင်းပြီး ဆား လက်ဖက်ရည်ဇွန်းတစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ကော်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းတို့နှင့်အရသာနယ်ထားသော ကြက်ရင်ပုံသား 150g  
  3. ပဲငံပြာရည်ထမင်းစားဇွန်း နှစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း သကြား ထမင်းစားဇွန်းတစ်ဇွန်း တို့နှင့်ရောနယ်ထားသောဆန်ပြား တရုတ်ဟင်းရည်သောက်ပန်းကန် တစ်လုံး
  4. ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ သုံးမွှာ

အရသာနယ်ထားသောကြက်ရင်ပုံသားကို ပွက်ပွက်ဆူနေသောရေနွေးထဲတွင်လေးမိ နစ်ခွဲလောက် ပြုပ်ပေးပါ

  • ထမင်းစားဇွန်းထဲတွင်ကြက်သားအရသာနယ်ကိုဖိထဲ့ပြီး ဆူနေသောရေနွေးထဲသို့ လက်မလေးနှင့်ဖိဖိပြီးနဲနဲချင်းဖဲ့ချပြီးထဲ့ပေးပါ
  • လေးမိနစ်ခွဲလောက်ပြုပ်ပေးပြီးပါကဆယ်ပြီးရေစစ်ပေးထားပါ

ဆန်ပြားလေးစပြီးကြော်ပါမယ်

  1. ဆီ ထမင်းစားဇွန်း ငါးဇွန်းလောက်ကို မီးပြင်းပြင်းနဲ့အပူပေးထားပြီး ကြက်သွန်ဖြူကိုမွှေးလာတဲ့ထိ ကြော်လိုက်ပါ 
  2. အသီးအရွက်များကိုထဲ့ပြီး ဆား လက်ဖက်ရည်ဇွန်းတစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထဲ့ပြီး တစ်မိနစ်လောက်ဘဲကြော်ပေးပါ
  3. အရသာနယ်ထားသောဆန်ပြားကိုပြုပ်ထားသော ကြက်

No comments:

Post a Comment